Win Maung
Burmese cartoonist

Win Maung

The basics
Quick facts
Intro
Burmese cartoonist
Places:
Work field:
Birth:
1939
Biography menu
Menu

Jump to

Introduction ကိုးကား
The details
Biography

Introduction

ဝင်းမောင် (ကာတွန်း) မြန်မာကာတွန်းဆရာကြီး ဦးဝင်းမောင်ကို ၁၉၃၉ခုနှစ်တွင် မွေးဖွားသည်။ အဖ ဦးစောဦး၊ အမိ ဒေါ်မမကြီး တို့၏ သား ဖြစ်သည်။ မအူပင်ဇာတိ ဖြစ်သည်။ ကာတွန်းပညာကို ကာတွန်းဦးဖေသိန်း၊ ကာတွန်းဦးအောင်ရှိန်တို့ထံ တွင် လေ့လာသင်ကြားခဲ့သည်။ (၁၉၅၅)ခုနှစ်တွင် ပေါ်ပြူလာ၊ မော်ဒန်၊ ပေါ်ပင်ကာတွန်းစာစောင်များတွင် ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ မိမော်မေမ ဇာတ်ကောင်အမည်ဖြင့် ရေးဆွဲသော ရုပ်ပြကာတွန်းစာအုပ်များဖြင့် အထူးအောင်မြင်ထင်ရှားသည်။ စာနယ်ဇင်းကာတွန်းများလည်း ရေးဆွဲခဲ့သည်။ အမျိုးသမီးပုံမျိုးစုံ ရေးဆွဲနည်း၊ အမျိုးသားပုံမျိုးစုံ ရေးဆွဲနည်း၊ ကလေးပုံရေးဆွဲနည်း၊ တိရစ္ဆာန်ပုံရေးဆွဲနည်း စာအုပ်များ ရေးသားပြုစုထုတ်ဝေ သည်။ (၁၉၇၂)ခုနှစ်မှစ၍ ကာတွန်းပုံရေးဆွဲနည်း သင်တန်း ဖွင့်လှစ်ခဲ့သည်။(၁၉၇၅)ခုနှစ်၊ ဩဂုတ်လ (၂၇)ရက်နေ့တွင် ကွယ်လွန်သည်။

ကိုးကား

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်